Oops.. I've been addicted to poems.. here. next one ! my Fav # မောင်စိန်ဝင်း (ပုုတီးကုုန်း)
ရှိစေချင်သည် …
နားလည်မည့်သူ၊ အပူကိုမျှ၊
ဖေးမ အားဖြည့်၊ ကြင်နာကြည့်များ၊
စကားချိုမြွက်၊ ယုယရက်ရှည်၊
ချမ်းမြေ့ကြည်နူး၊ နေဖူးချင်သည် …. ။
သူကမေ့လျှင်၊ ညှိုးသွေ့ရော်ရွက်၊
အလက်မဝေ၊ ခက်မဝေတည့်၊
နွေနေထိပန်း၊ ကြွေမည့်ပန်းပါ၊
တမ်းတ ဝမ်းနည်း၊ မနာကြည်းဝံ့၊
အထီးကျန်ဆွေး၊ ဟိုရှေးရှေးလို၊
ဝေးဝေးကသာ လွမ်းပါမည် …. ။
သူနှင်မည့်နေ့၊ တနေ့နေ့ကို၊
ရွေ့ရွေ့ဖြတ်သန်း၊ လမ်းအဆုံးတည့်၊
မသိမဟုတ်၊ ထိန်းချုပ်ကင်းမဲ့၊
လျှောက်ခဲ့ပြီလား၊ စကားပြောဖော်၊
ခံစားဖော်ဖြစ်၊ သူစိတ်ညစ်မလား၊
ဖြစ်ခဲ့သည့်ဝန်၊ ကိုယ်အလွန်ချည်း၊
နစ်ကျွံလင့်မျှော်၊ နားလည်သော်မှ၊
အဖော်တသက်၊ မခေါ်ရက်ပါ၊
ပျော်လျက်ပျော်ရာ နေပါစေ … ။
သံယောဇဉ်များ၊
စကားအကြည့်၊ တွယ်ငြိထပ်ထပ်၊
ဖြေလျှောဖြတ်ခက်၊ လပ်ဟာမွတ်သိပ်၊
တမ်းတစိတ်ဖြင့်၊ ပျော်ရိပ်ပျော်ဟန်၊
မပြန်ချင်မိ၊ ရှိစေချင်သည် … ။
နားလည်မည့်သူ၊ အတူတကွ၊
အပူမျှလျက်၊ ယုယရက်ရှည်၊
ချမ်းမြေ့ကြည်နူး၊ နေဖူးလိုက်ချင်၊
စိတ်ကူးယဉ်သည် … ။
မောင်စိန်ဝင်း (ပုတီးကုန်း)
Have Fun ! =D
0 comments:
Post a Comment