Thursday, July 1, 2010

အလွမ်းရာသီ

I like that poem since Ma Phyu posted it at Facebook . ..

# Masterpiece #


အလွမ်းဆိုတာ ရာသီတစ်ခုလား
မခေါ်ဘဲနဲ့ ရောက်လာတယ်..
နင် ဒီအချိန်
ဘယ်သူ့ကို သတိရနေလဲ
ငါ မမေးရဲဘူး
ငါ မဟုတ်မှာ စိုးတယ်..
တကယ်တော့ ..
ငါ့အချစ်ဆိုတာ
ကဗျာစပ်ယုံ သက်သက်သာဆို
မိုးတိမ်တွေ ဘယ်ပြိုလာမှာတဲ့လဲ
အခုတော့ ..
ငါ့မြို့လေးမှာ..
ငါတစ်ယောက်ထဲ....
မိုးတွေ စိုနေပြီ..။

အလွမ်းပြေ 


and the follow-up poem by Ko Han Thit Nyein is nice too ;)
အပြုံးဆိုတာ ဟန်ဆောင်မှုတစ်ခုလား
မတောင်းဆိုဘဲ နင်ပေးတတ်ခဲ့တာ
နင် ဒီအချိန် ... See More
ဘယ်သူ့ကို ပြုံးပြနေမလဲ
ငါ မတွေးရဲဘူး
ငါ မဟုတ်လည်း ကျေနပ်ရမှာပါ
တကယ်တော့ ..
ငါ့အချစ်တွေဟာ
ကျေနပ်ပြုံးယုံလောက်သာဆို
မျက်ရည်တွေ ဘယ်စိုမှာတဲ့လဲ
အခုတော့ ..
ငါ့ညနေခင်းမှာ
ငါတစ်ယောက်တည်း
ပြုံးတတ်ခဲ့ပြီ။

1 comments: