Monday, July 26, 2010

သောကခြေရာ (၂) – မောင်စိန်ဝင်း (ပုတီးကုန်း)

သောကခြေရာ (၂) 


စံပယ်ပွင့်ပေမယ့်၊
စံပယ်နှင့် မတန်သူပါခင်။
မဆင်ရဲသူမို့၊
ရင်ထဲမှာ တိတ်တခိုးနဲ့၊
မြတ်နိုးခုံမင်။

အပင်ကိုပျိုးသူမို့၊
မြတ်နိုးလျှင် ပန်ဆင်ထိုက်ပေမယ့်၊
ပန်လိုက်လျှင် နံ့သာခိုးသူလို့၊
ယိုးစွပ်ကာ စွဲချက်တင်၊
ပတ်ဝန်းကျင် ဆိုမှာပေါ့။

သည်တော့ကွယ် စံပယ်နှစ်၊
ပန်းချစ်သူ အဆင်ခက်ပြီမို့၊
ပင်ထက်မှာ အလှဆင့်ကာ၊
(စံပယ်ရယ် …) ပွင့်လိုက်ပါတော့။ ။

မောင်စိန်ဝင်း (ပုတီးကုန်း)

from http://www.poemscorner.com/post-type/myanmar-poems/1207

0 comments:

Post a Comment