ကြားရက်မယ် အလုပ် ၊ အိမ်ပြန်လာတော့လည်း ဟိုလှည့် ဒီလှည့်နဲ့ ပါတ်ရှုပ်နေပါရော ။
August 9, National Day Parade အတွက် အပါတ်စဉ် စနေနေ့တိုင်း Marina ကို သွားပြီး Rehearsal လုပ်ရပါတယ်။ Facebook NDP page မှာ ဘာတွေ လုပ်ကြသလဲ ကြည့်လို့ရပါတယ်။
အဲဒီနေ့အတွက် Army , Navy, Air Force, Civil Defense, Police, National Cadet Corps, Nanyang Polytechnic, စသဖြင့် အစိုးရ ၊ အရပ်ဘက် အဖွဲ့အစည်း မျိုးစုံကနေ ပါဝင်ကြပါတယ်။ mobile column မှာ နောက်ဆုံးထွက် Leopard Tank , Motorized Infantry Battalion စတဲ့ ဟာတွေကို Story Line တစ်ခုနဲ့ ဇာတ်လမ်း ဆင်ထားပါတယ်
နောက်ဆုံးမှာ Firework တွေနဲ့ အဆုံးသတ်ပါတယ်
( Photo are from NDP Facebook Photos by Fans )
သူများ တကာ စနေ့နေ့ Holiday ပေမယ့် ကိုယ့်မယ် မိုးလင်းကနေ မိုးချုပ် လုပ်ရတာ. အိမ်ပြန်ရောက်တော့ သန်းခေါင်ကျော် ..
ဆရာမ ဂျူး ရဲ့ စာလေး ဖတ်မိတော့မှ ..
လူတိုင်းလူတိုင်းဟာကိုယ့်ဒဏ်ရာကိုပဲမြင်နိုင်ကြတာပဲ ကိုယ့်အဖြစ်ကိုယ်မှဆိုးလှပြီလို့ ထင်နေကြတာချည်းပဲ (ချစ်သူရေးတဲ့ကျွန်မရဲ့ညတွေ)
အင်း .. ငါ့ထက် ဆိုးတဲ့ သူတွေလည်း ရှိပါသေးတယ် လို့ .. Monday Off ပြန်ရတော့တော့ မဆိုးပါဖူးပေါ့လေ ..
ဂျူးစာအုပ်တွေကို အရင်တုန်းက ဆရာ တက္ကသိုလ်ဘုန်းနိုင် ၊ မင်းသိင်္ခ ၊ တာရာမင်းဝေ ၊ မင်းခိုက်စိုးစန် စတဲ့ သူတွေရဲ့ ebook , paper-back စာအုပ် ရသမျှ ရှာ, ဝယ်ပြီး ဖတ်ဖြစ်သလို ဖတ်မိတယ် ..
ဒီလိုနဲ့ တစ်ပါတ် ပီးပြန်ပါရောပေါ့



0 comments:
Post a Comment